“ထားဝယ်နှင့် မုဒုံအပါအဝင် မြို့ ၆ မြို့မှာ အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်”

04 Nov

နိုဝင်ဘာလ ၁ ရက်မှာ ထားဝယ်၊ ကျောက်ဆည်၊ မုဒုံ၊ ကလေးဝ၊ ခန္တီးနှင့် ကန့်ဘလူမြို့တို့၌ စခန်းစတင် ဖွင့်လှစ်တဲ့ကာလအတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်များ အသီးသီးဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ ထားဝယ်မြို့တွင် နှစ်ပေါင်း ၈၀ အတွင်း အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၃၇ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်မှ ၃၇ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ခဲ့ပါတယ်။ ကျောက်ဆည်မြို့မှာ နှစ်ပေါင်း ၅၃ နှစ်အတွင်း စံချိန်ဟောင်း ၃၆ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်မှ ၃၆ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ခဲ့ပြီး မုဒုံမြို့တွင် နှစ်ပေါင်း ၄၆ နှစ်အတွင်း စံချိန်ဟောင်း ၃၆ ဒသမ ၀၁ ဒီဂရီဆဲလ်စီးယပ်မှ ၃၆ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ကလေးဝမြို့တွင် နှစ်ပေါင်း ၆၂ နှစ်အတွင်း အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီဆဲလ်စီးယပ်၊ ခန္တီးမြို့တွင် နှစ်ပေါင်း ၆၁ နှစ်အတွင်း ၃၄ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်နှင့် ကန့်ဘလူမြို့တွင် နှစ်ပေါင်း ၃၅ နှစ်အတွင်း ၃၅ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်တို့ကို အသီးသီး မှတ်တမ်းတင်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

04 Nov

ADVERTISE HERE .