“ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ခြင်ဆီကင်ဆာလူနာ ၅ ဦးကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့”

04 Nov

ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ သွေးရောဂါအထူးကုဌာန၊ ခြင်ဆီအစားထိုးဌာန (Bone Marrow Transplant Center)မှာ ခြင်ဆီကင်ဆာလူနာ ငါးဦးကို ခြင်ဆီအစားထိုးကုသမှု အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်းမာရေး အခြေအနေ ကောင်းမွန်လာသဖြင့် အောက်တိုဘာလ ၂၆ ရက်မှာ ဆေးရုံဆင်းခွင့်ပြုခဲ့ပါတယ်။ အဆိုပါလူနာငါးဦးက ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်း ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့သူများဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် ခြင်ဆီအစားထိုးကုသပေးခဲ့ခြင်းဖြစ်ပါတယ်။ ကုသမှုခံယူခဲ့သူများမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မှ အသက် ၅၇ နှစ်အရွယ် အမျိုးသား၊ လှိုင်မြို့နယ်မှ အသက် ၆၆ နှစ်အရွယ် အမျိုးသား၊ ဟိုပန်မြို့နယ်မှ အသက် ၅၄ နှစ်အရွယ် အမျိုးသမီး၊ သာကေတမြို့နယ်မှ အသက် ၆၂ နှစ်အရွယ် အမျိုးသမီးနှင့် တောင်ကြီးမြို့နယ်မှ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတို့ဖြစ်ကြောင်း သိရပါတယ်။ ကုသမှုများကို ဆေးရုံအုပ်ချုပ်မှုအဖွဲ့၊ သွေးရောဂါအထူးကုဌာနနှင့် ဆက်စပ်ဌာနများမှ ပါမောက္ခများ၊ အထူး ကုဆရာဝန်များ၊ ကျွမ်းကျင်သူနာပြုများနှင့်အထောက်အကူပြုဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၂၀၁၆ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ခြင်ဆီအစားထိုးကုသမှု လူနာစုစုပေါင်း ၃၈ ဦး ရှိလာပြီဖြစ်ပါတယ်။ (NVS 008)

04 Nov

ADVERTISE HERE .