“စစ်မှုထမ်းတာဝန်ပြီးဆုံးသူများ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် မှာကြား”
04 Nov
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စက်ရုံ၊အလုပ်ရုံများမှာ ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်ပြီးဆုံးသူများကို ကျွမ်းကျင်မှုအလိုက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး အလေးထားဆောင်ရွက် ပေးရန် နိုဝင်ဘာလ ၂ ရက်က ကျင်းပသည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆) မှ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ယခုနိုဝင်ဘာလအတွင်း ပဲခူတိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စက်မှုလုပ်ငန်း ၂ ခုအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၅၇ သန်းနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု စက်မှုလုပ်ငန်း ၁ ခုအတွက် ငွေကျပ် ၃,၆၉၆ ဒသမ ၈၉၄ သန်း ပါဝင်ကြောင်း သိရပါတယ်။ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များကို တန်ဖိုးမြှင့် ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်၍ ပြည်ပတင်ပို့နိုင်မည့် လုပ်ငန်းများနှင့် ပြည်ပသွင်းကုန်အစားထိုး ထုတ်လုပ်ရေး လုပ်ငန်းများကို ဦးစားပေးဖိတ်ခေါ်ရန် မှာကြားခဲ့ပါတယ်။ အစည်းအဝေးမှာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးက ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် Asian Great Myanmar Co., Ltd. မှ ဆောင်ရွက်မည့် အထပ်သားထုတ်လုပ်ရေးလုပ်ငန်းသစ် လျှောက်ထားမှု၊ စက်ပစ္စည်းတင်သွင်းမှု၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်မှုနှင့် စက်ရုံ၊ အလုပ်ရုံ တည်ဆောက်ရေးကာလ သက်တမ်းတိုးမြှင့်မှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရပါတယ်။ (NVS 008)