“ရွှေနှင့် လက်ဝတ်ရတနာများ အွန်လိုင်းမှ ရောင်းချခြင်း ယာယီခွင့်မပြု”

04 Nov

ရွှေ၊ ရွှေကြမ်း၊ လက်ဝတ်ရတနာနှင့် ရွှေ၊ ရွှေကြမ်းတို့ဖြင့် ပြုလုပ်ထားသော ပစ္စည်းများကို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းကို ယာယီခွင့်မပြုကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက အသိပေးထုတ်ပြန် ထားပါတယ်။ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းအတွက် အွန်လိုင်းအသုံးပြုခွင့်လိုင်စင်လျှောက်ထား ခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ ကုန်သွယ်ရေးဦးစီးဌာန၏ ညှိနှိုင်းပြန်ကြားချက်များကို နိုဝင်ဘာလ ၂ ရက်က အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက်မှ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၉ ရက်အထိ လက်ဝတ် ရတနာပစ္စည်းအုပ်စုဖြင့် Online Sale မှတ်ပုံတင်လက်မှတ် စုစုပေါင်း ၈၁၁ စောင် ခွင့်ပြုထုတ်ပေးခဲ့ပြီး ယင်းတို့အနက် သက်တမ်းရှိနေသည့် မှတ်ပုံတင် ၂၄၁ စောင်နှင့် သက်တမ်းကုန်ဆုံးသည့် မှတ်ပုံတင် ၅၇၀ စောင် ရှိကြောင်း သိရပါတယ်။ နိုင်ငံတော်မှ ဆောင်ရွက်နေတဲ့ ဈေးကွက်ထိန်းကြောင်းမှုများကို အထောက်အကူပြုစေရန် ရွှေနှင့် ရွှေထည်ပစ္စည်းများ အွန်လိုင်းမှ ရောင်းချခြင်းကို ယာယီခွင့်မပြုခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ခွင့်ပြုပြီးဖြစ်တဲ့ လုပ်ငန်းမှတ်ပုံတင်များကို သက်တမ်းတိုးခွင့်မပြုကြောင်းနှင့် ကျောက်မျက်ရတနာသီးခြားရောင်းချခြင်းလုပ်ငန်းများ ကိုမူ ဝန်ခံကတိနဲ့ ခွင့်ပြုလျက်ရှိတယ်လို့ သိရပါတယ်။ (NVS 008)

04 Nov

ADVERTISE HERE .