“မြန်မာ-လာအို ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေး”

04 Nov

မြန်မာ-လာအို နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် လာအိုနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး General Khamlieng Outhakayson တို့ နိုဝင်ဘာလ ၃ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါတွေ့ဆုံမှုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လာအိုနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး၊ မဲခေါင်မြစ်လုံခြုံရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့ ပါဝင်တဲ့ CLMV အဖွဲ့၊ မဟာမဲခေါင်ဒေသခွဲ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့နှင့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာအဖွဲ့တို့၏ မူဘောင်များအောက်မှာ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြပါတယ်။ မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရေးမြှင့်တင်မှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ်နှင့်အညီ ဆောင်ရွက်နေမှုတို့ကို အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။ ထို့အတူ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ၊ အစိုးရ၏ ပြည်သူ့ဆန္ဒ အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ တက်ကြွပြီးဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒနှင့်အညီ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံ များအပါအဝင် နိုင်ငံတကာနှင့် ဆက်ဆံရေးမြှင့်တင်နေမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)

04 Nov

ADVERTISE HERE .