“ဒေသတွင်း တင်းမာမှုများလျှော့ချရန် အီဂျစ်နှင့်အိုမန် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး”

04 Nov

ဒေသတွင်း တင်းမာမှုများလျှော့ချရန်နှင့်စစ်ဆင်ရေးများ ပြန်လည်စတင်ခြင်းမှရှောင်ရှားနိုင်ရန်အတွက် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဗားအဗ္ဗဒဲလက်တီနှင့် အိုမန်နိုင်ငံခြားရေးဝန်ကြီး ဆာယိဘာဘင်ဟာမတ်အယ်လ် ဘူဆူဒီတို့ကြား နိုဝင်ဘာလ ၃ ရက်က ဖုန်းဖြင့်ဆွေးနွေးခဲ့ကြောင်း အီဂျစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန် ချက်အရ သိရသည်။ အဆိုပါဆွေးနွေးပွဲအတွင်း ဒေသတွင်းနှင့်ကမ္ဘာတစ်ဝန်းလုံးအတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြင်းထန်သည့်သက်ရောက်မှုများ ဖြစ်ပေါ်လာစေနိုင်သည့် စစ်ပွဲဖြစ်ခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် ဒေသတွင်းနှင့်နိုင်ငံတကာကြိုးပမ်းမှုများကို ပြန်လည်သုံးသပ်ခြင်းများအား တာဝန်ရှိသူ များက ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ စစ်ရေးလှုပ်ရှားမှုများပြန်လည်စတင်ခြင်းကို ရှောင်ရှားရန်နှင့်အကျပ်အတည်းများကို နိုင်ငံရေးနည်းလမ်း ဖြင့် ဖြေရှင်းရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ညှိနှိုင်းဆွေးနွေးရေးလမ်းကြောင်းဆီသို့ ဦးတည် ပြောင်းလဲစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ၎င်းတို့က သဘောတူညီခဲ့ကြသည်။ အမေရိကန်နှင့်အီရန်တို့ အကြား တင်းမာမှုများ ပြန်လည်မြင့်တက်လာချိန်တွင် ယခုတောင်းဆိုမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယခင်က လည်း အိုမန်နိုင်ငံသည် အီရန်နှင့်အမေရိကန်ပြည်ထောင်စုတို့အကြား သွယ်ဝိုက်သောဆွေးနွေးမှုများတွင် ကြားဝင် စေ့စပ်ပေးခဲ့ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

04 Nov

ADVERTISE HERE .