“ရုရှား-အမေရိကန်-ယူကရိန်း သုံးပွင့်ဆိုင်ဆွေးနွေးပွဲ မကြာမီစတင်မည်”
04 Nov
ရုရှား၊ အမေရိကန်နှင့်ယူကရိန်းနိုင်ငံတို့သည် ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရေးအတွက်သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၀ ရက် နှင့် ၁၁ ရက်တို့တွင် အာရပ်စော်ဘွား များပြည်ထောင်စု အဘူဒါဘီမြို့၌ ပြုလုပ် သွားမည်ဖြစ်ကြောင်း ရုရှားသမ္မတရုံးက အတည်ပြုထုတ်ပြန်ထားသည်။ ရုရှားကိုယ်စားလှယ်အဖွဲ့သည် သတ်မှတ် ရက်များအတွင်း အဘူဒါဘီသို့ရောက်ရှိမည်ဖြစ်ပြီး ရုရှားကိုယ်စားလှယ်အဖွဲ့ကို သမ္မတ၏အထူးကိုယ်စားလှယ် ဗလာဒီမာမီဒင်စကီးက ဦးဆောင်သွားမည်ဖြစ်ကြောင်း သမ္မတရုံးမှပြောရေးဆိုခွင့် ရှိသူ ဒီမီထရီပက်စကော့က နိုဝင်ဘာလ ၃ ရက်တွင်ပြောသည်။ ထို့ပြင် ယင်းဆွေးနွေးပွဲကို အမေရိကန်ကကြားဝင်စီစဉ်ပေးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ၏ အထူး ကိုယ်စားလှယ် စတိဝစ်ကော့က ပြောသည်။ ဆွေးနွေးပွဲ၌ စစ်ပြီးကာလ လုံခြုံရေးအစီအစဉ်များ၊ တိုက်ခိုက်မှုများ လျှော့ချရေး၊ လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များနှင့် ငြိမ်းချမ်းရေးရရှိရန် ဆက်လက်ဆောင်ရွက်ရမည့် အဆင့် များကို အဓိကထားဆွေးနွေးမည် ဖြစ်သည်။ ရုရှားနှင့်ယူကရိန်းတို့က အမေရိကန်၏ကြားဝင်စေ့စပ်မှုဖြင့် ယခုနှစ် ဖေဖော်ဝါရီလတွင် နောက်ဆုံးဆွေးနွေးပြီးနောက် ယခုအခါ သုံးပွင့်ဆိုင်ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် စီစဉ် လာခြင်းဖြစ်ကြောင်း Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။