“ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၄၅)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ် ယှဉ်ပြိုင်ပူဇော်ပွဲ ကျင်းပမည်”
03 Nov
ပဲခူးမြို့ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၄၅)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ယှဉ်ပြိုင် ပူဇော်နိုင်ရေးအတွက် ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၁ ရက်က စေတီတော် မြတ်ကြီး၏ ရင်ပြင်ပေါ်ရှိ ဂေါပကရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါအစည်းအဝေးသို့ ဂေါပကအဖွဲ့ဝင်များ၊ ရက်ကန်းပညာရှင်များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ အလှူရှင် များနှင့် ဌာနမှူးများ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ် ကြီး၏ (၄၅)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ယှဉ်ပြိုင် ပူဇော်ပွဲကို တန်ဆောင်မုန်းလဆန်း ၁၄ ရက် ညနေဘက်တွင် စေတီတော်ရင်ပြင်တော်ပေါ်၌ ဘဒ္ဒကမ္ဘာရှိ ဘုရား ၅ ဆူအားရည်မှန်း၍ ရက်ကန်းစင်တော် ၅ စင်ဖြင့် ရက်လုပ် ယှဉ်ပြိုင် ပူဇော်သွားမှာဖြစ်ပါတယ်။ ရက်လုပ်ပြီးစီးခဲ့သော သင်္ကန်းတော်မြတ်ကို တန်ဆောင်မုန်းလပြည့် အရုဏ်မတက်မီ စေတီတော်ရင်ပြင် တော်ပေါ်ရှိ ဗုဒ္ဓရုပ်ပွားတော်များတွင် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်း ပူဇော်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)