“(၁၂)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲကြီး ကျင်းပမည်”

03 Nov

(၁၂)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲ - The 12th Thailand Education Fair(Myanmar) ၂၀၂၆ ကို နိုဝင်ဘာလ ၈ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ Melia Hotel၊ Grand Ballroom တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပညာရေးပြပွဲတွင် နာမည်ကျော် ထိုင်းတက္ကသိုလ် ၂၉ ခုမှ ကျောင်းသားကျောင်းသူများ၏ ပညာရေး အခွင့်အလမ်းများအတွက် ပြသသွားမည်ဖြစ်ပြီး မိမိစိတ်ဝင်စားတဲ့ Major & Programs များဖြစ်သော Admission Requirements၊ Tuition Fees & Living Costs၊ Scholarship Opportunitiesı International Programs၊ Credit Transfer & Study Pathwaysı Application Procedures ဘွဲ့ရပြီးနောက် Career Opportunities အသက်မွေးဝမ်း ကျောင်းအခွင့်အလမ်းများ အစရှိတဲ့ အချက်အလက်များကို သက်ဆိုင်ရာ University Representatives များထံ တိုက်ရိုက်မေးမြန်းနိုင်မှာဖြစ်ပါတယ်။ တက္ကသိုလ်တစ်ခုချင်းစီအလိုက် ၁၀ဝ ရာခိုင်နှုန်း Fully Funded နှင့် Partial Scholarships အပါအဝင် ပညာသင်ဆုအခွင့်အလမ်းများကို စုံစမ်းနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Grade 11 & Grade 12 Students: University ကို ဆက်လက်တက်ရောက်ရန် ကြိုတင်စီစဉ်နေ သူများ၊ High School Graduates: Bachelor's Degree အတွက် University နှင့် Program ရွေးချယ်သူများ၊ GED/ IGCSE Students & Graduates: မိမိ Academic Background နှင့်သင့်တော်တဲ့ Study Pathway ကို ရှာဖွေသူများ၊ University Students: Credit Transfer, Top-up, Exchange သို့မဟုတ် Postgraduate Opportunities များအား စိတ်ဝင်စားသူများ၊ Parents & Teachers: သားသမီးများအတွက် International Education Opportunities များကို လေ့လာနေသူများအနေနဲ့ အခမဲ့ဝင်ရောက်လေ့လာ စုံစမ်းနိုင်မှာဖြစ်ပါတယ်။ ပညာရေးပြပွဲနေ့တွင် ထိုင်းနိုင်ငံရှိ တက္ကသိုလ်များမှ ဘွဲ့ရရှိထားသော AMAUT Alumni များ၏ အတွေ့အကြုံ နှင့် အကြံပြုချက်များကိုလည်း နားဆင်နိုင်မည့် Alumni Sharing၊ Panel Discussion အစီအစဉ်များလည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။ ထို့ပြင် AMAUT အသင်း၏ ကျွမ်းကျင်သည့်အဖွဲ့ဝင်များက ကျောင်းရွေးချယ်ခြင်းမှစတင်ကာ လျှောက်လွှာ တင်ခြင်း၊ Admission ရရှိသည်အထိ လိုအပ်သည့်အဆင့်တိုင်းကို One-Stop Service ဖြင့် လမ်းညွှန်ကူညီပေးသွား မည်ဖြစ်ပြီး မိမိနှင့်သင့်တော်တဲ့ကျောင်းနှင့် Program ကို ရွေးချယ်နိုင်ရေးနှင့် ကျောင်းဝင်ခွင့်ရရှိသည်အထိ အကူအညီရယူနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

03 Nov

ADVERTISE HERE .