“ရွှေတိဂုံစေတီတော်ကြီး၌ (၃၈) ကြိမ်မြောက် မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ်ပွဲ ကျင်းပမည်”

03 Nov

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့က ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာဖြင့် ဆယ့်နှစ်လ ရာသီအလိုက် ပွဲတော်များကျင်းပလျက်ရှိရာ (၃၈)ကြိမ်မြောက် မသိုးသင်္ကန်းယှဉ်ပြိုင်ရက်လုပ်ပွဲကို နိုဝင်ဘာလ ၂၃ ရက်တွင် စေတီတော်ရင်ပြင်ရာဟုထောင့် အောင်မြေ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ မသိုးသင်္ကန်းယှဉ်ပြိုင်ရက်လုပ်ပွဲတွင် ပြိုင်ပွဲဝင်အသင်းကိုးသင်း ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဆုရရှိသူ များကို တန်ဆောင်မုန်းလပြည့်နေ့တွင် ဆုချီးမြှင့်ပေးအပ်ခြင်းအခမ်းအနား ကျင်းပပေးသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲ၌ အနိုင်ရရှိသူများထံမှ ရရှိလာမည့်ပိတ်သားများကို ရွှေကြာသင်္ကန်းတော်များအဖြစ် လပြည့်နေ့နံနက် အရုဏ်မတက်မီ ညတွင်းချင်းအပြီးချုပ်လုပ်ကာ အာရုံခံမုခ်ဦးများအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်လေးဆူနှင့် အထက်ပစ္စယာ ပတ္တမြား မျက်ရှင်ရုပ်ပွားတော်၊ ရင်ပြင်တော်ပေါ်ရှိ ဗုဒ္ဓရုပ်ပွားတော်များအား မသိုးသင်္ကန်းတော်များ ဆက်ကပ်ပူဇော်သွားမှာ ဖြစ်ပါတယ်။ မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ်ပွဲတွင် ဆုရရှိသောအသင်းများကို ပထမဆု ငွေကျပ် ၄၅ သိန်း၊ ဒုတိယဆု ငွေကျပ် သိန်း ၄ဝ၊ တတိယဆု ငွေကျပ် ၃၅ သိန်း၊ စတုတ္ထဆု ငွေကျပ် သိန်း ၃၀ နှင့် နှစ်သိမ့်ဆုရ အသင်းငါးသင်း အတွက် တစ်သင်းလျှင် ငွေကျပ်သိန်း ၂ဝ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

03 Nov

ADVERTISE HERE .