“ပူတင် က ဇယ်လန်းစကီး နှင့်ဆွေးနွေးရန် မည်သည့်အခါကမျှ မငြင်းဆန်ခဲ့ဖူးဟု ရုရှားသမ္မတလက်ထောက်ဆို”

03 Nov

ရုရှားသမ္မတလက်ထောက် Yuri Ushakov က ရုရှားရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူ Zarubin ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ရုရှားသမ္မတ ပူတင် သည် ယူကရိန်းသမ္မတ ဇယ်လန်းစကီး နှင့်ဆွေးနွေးရန် မည်သည့် အခါကမျှ မငြင်းဆန်ခဲ့ဖူးဟု ပြောကြားခဲ့ကြောင်း ရုရှားမီဒီယာများ၏ နိုဝင်ဘာလ ၁ ရက် သတင်းအရသိရသည်။ Zarubin ၏ တကယ်လို့ ဇယ်လန်းစကီး က ရုရှားသမ္မတထံ ဖုန်းဆက်သွယ်ခဲ့မယ်ဆိုရင် သူလက်ခံ ဖြေကြားမလားဆိုသည့် မေးခွန်းကိုဖြေကြားရာတွင် Ushakov က သူသေချာပေါက် လက်ခံဖြေကြားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ ပူတင် က ဆွေးနွေးဖို့ ဘယ်တုန်းကမှ မငြင်းဆန်ခဲ့ဖူးဘူးဟု ပြောကြားခဲ့ကြောင်း ရုရှား သတင်းဌာန RIA Novosti ၏ သတင်းအရ သိရသည်။ ထို့ပြင် TASS သတင်းဌာန၏ သတင်းအရ ယူကရိန်းအရေးဖြေရှင်းသည့် ဆွေးနွေးပွဲများကို ရုရှား၊ အမေရိကန်၊ ယူကရိန်း သုံးပွင့်ဆိုင်ဆွေးနွေးပွဲပုံစံဖြင့် ဦးစွာကျင်းပသင့်ကြောင်း၊ ဥရောပကိုယ်စားလှယ်များလည်း နောက်ပိုင်းတွင် ဆွေးနွေးပွဲများတွင် ပါဝင်လာနိုင်ကြောင်း Ushakov က Zarubin ၏ မေးမြန်းမှုဖြေကြားရာတွင် ပြောကြားခဲ့သည်။ ဇယ်လန်းစကီးအနေဖြင့် ပူတင် နှင့်တွေ့ဆုံလိုပါက မော်စကိုသို့ လာရောက်နိုင်သည်ဟု Ushakov က ထပ်လောင်းပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)

03 Nov

ADVERTISE HERE .