“အမေရိကန်က နျူကလီးယားမပြန့်ပွားရေးယန္တရား၏ အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ဆို”

03 Nov

အမေရိကန်သည် နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူစာချုပ်၏ အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဘဂါအီ က နိုဝင်ဘာလ ၂ ရက်တွင် ဆိုခဲ့သည်။ အမေရိကန်အနေဖြင့် အီရန်နျူကလီးယားအဆောက်အဦအား တိုက်ခိုက်မည်ဟု ကြုံးဝါးခြင်းသည် နိုင်ငံတကာငြိမ်းချမ်းမှုနှင့် လုံခြုံမှုခြိမ်းခြောက်နေကြောင်းလည်း ၎င်းက သတိပေးပြောကြားခဲ့သည်။ အမေရိကန်က အီရန်အား ခြိမ်းခြောက်သောပြောဆိုချက်များသည် ပြင်းပြင်းထန်ထန် ဖိအားပေးပြောဆို နေခြင်းဖြစ်ကြောင်း၊ အီရန်အနေဖြင့် အမေရိကန်က နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းအား ချိုးဖောက်သည့်လုပ်ရပ်များကို အစဉ်အမြဲမှတ်တမ်းတင်နေပြီး သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းထံသို့ သတင်း ပေးပို့လျက်ရှိကြောင်း၊ သို့သော်လည်း ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီနဲ့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ(IAEA)ဘုတ်အဖွဲ့က ယင်းအပေါ်နှုတ်ဆိတ်နေကြပါတယ်ဟု ဘဂါအီ က ဆိုခဲ့သည်။ အမေရိကန်က အီရန်နျူကလီးယားအဆောက်အဦအား တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ပြီး အထူးသတ်မှတ် ထားသောလက်နက် အသုံးပြုနိုင်ခြေရှိသည်ဟု အရိပ်အမြွက်ပြောဆိုခြင်းသည် အန္တရာယ်များသော နိုင်ငံတကာ၌ ပထမဆုံးအကြိမ်လုပ်ဆောင်မှု ဖြစ်လာနိုင်ကာ နိုင်ငံတကာငြိမ်းချမ်းမှုနှင့် လုံခြုံမှုကို အန္တရာယ်ဖြစ်စေမည် ဖြစ်ကြောင်းလည်း ဘဂါအီ က ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ထရမ့် က အမေရိကန်အနေဖြင့် အချိန်အခိုက်အတန့် တစ်ခုခုရောက်ရင် ကျွန်တော်တို့က သူတို့အပေါ် မဖြစ်မနေ ပြင်းပြင်းထန်ထန်လုပ်ဆောင်ရပါလိမ့်မယ်ဟု နိုဝင်ဘာလ ၁ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်သည် ထရမ့် က လတ်တလောကာလအတွင်း အီရန်အပေါ် အစဉ်အမြဲဖိအားပေးသည့် အနေအထားကို ဆက်လက်ထိန်းသိမ်းထားသည်။ ထရမ့် က အမေရိကန်အနေဖြင့် အီရန်၏ စစ်ရေးအင်အား အများစုကို ဖျက်ဆီးထားပြီးဖြစ်ကြောင်း၊ သို့သော် ပစ်မှတ်တစ်ခုနှစ်ခုကို စီမံပစ်ခတ်ရန်လိုအပ်သေးကြောင်း၊ ၎င်းအနက် Pickaxe Mountain မြေအောက် နျူကလီးယားအဆောက်အဦလည်း ပါဝင်ကြောင်း အောက်တိုဘာလ ၃၁ ရက်တွင်ဆိုခဲ့သည်။ (Repost from Xinhua Myanmar)

03 Nov

ADVERTISE HERE .