“ဟာရီကိန်း ကို ရက်ပိုင်းအတွင်း စာချုပ်သက်တမ်းတိုးတော့မယ့် ဘိုင်ယန်မြူးနစ်အသင်း”
03 Nov
အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟာရီကိန်း က ဘိုင်ယန်မြူးနစ်အသင်းနှင့် ရက်ပိုင်းအတွင်း စာချုပ် သက်တမ်းတိုးတော့မည်ဟု အတည်ပြုပြောကြားခဲ့ပါတယ်။ ဟာရီကိန်း အနေနဲ့ ၂၀၂၃ ခုနှစ် နွေရာသီက စပါးအသင်းမှ လေးနှစ်စာချုပ်နဲ့ ဘိုင်ယန်အသင်းသို့ ပြောင်းရွှေ့ လာခဲ့ပြီး ယင်းစာချုပ်မှာ ယခုရာသီကုန်တွင် သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ဟာရီကိန်း က ပြီးခဲ့တဲ့ရာသီမှာ ကလပ်နှင့် နိုင်ငံအတွက် ၇၃ ဂိုး သွင်းယူပြီး Ballon d'Or ဆု ရရှိရုံသာမက ဘိုင်ယန်အသင်း ဖလားနှစ်လုံး ဆွတ်ခူးရာတွင် အဓိကကူညီပေးခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ဟာရီကိန်း ကိုခေါ်ယူစဉ်က ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ပေးချေခဲ့ရပါတယ်။ ဟာရီကိန်း က ဘိုင်ယန်အသင်းနှင့် ပြိုင်ပွဲစုံပွဲ ၁၆၀ တွင် ၁၅၆ ဂိုး သွင်းယူထားပြီး ဆုဖလား ငါးလုံး ဆွတ်ခူးထားကြောင်း သိရပါတယ်။ (NVS 008)
03 Nov