“ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ဂျာမနီကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဟာဗက်ဇ်”
03 Nov
အာဆင်နယ်အသင်း၏ တိုက်စစ်ကစားသမား ဟာဗက်ဇ် က ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ တိုက်စစ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ဟာဗက်ဇ် က လီဗာပူးလ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ တစ်လုံးတည်းသောအနိုင်ဂိုး သွင်းယူ ခဲ့တဲ့အတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၄၆ ဂိုးရှိသွားခဲ့ပြီး မန်စီးတီးကစားသမားဟောင်း ဂန်ဒိုဂန် ၏စံချိန်ကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဟာဗက်ဇ် အနေနဲ့ ပရီးမီးယားလိဂ်သွင်းဂိုး ၄၆ ဂိုးကို ချယ်လ်ဆီးအသင်းတွင် ၁၉ ဂိုး၊ အာဆင်နယ်အသင်းတွင် ၂၇ ဂိုး သွင်းယူခဲ့ခြင်းဖြစ်ပါတယ်။ ဟာဗက်ဇ် ဟာ အာဆင်နယ်အသင်းမှာ ၉ ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေခဲ့ပြီးမှ ဂိုးပြန်သွင်းနိုင်ခဲ့ပြီး အာဆင်နယ်ကစားသမားဘဝမှာ လီဗာပူးလ်အသင်းဘက်သို့ ပထမဆုံးဂိုးသွင်းယူနိုင်ခြင်း ဖြစ်ပါတယ်။ (NVS 008)
03 Nov