“ရီးရဲလ်အသင်းအနေနဲ့ တိုးတက်မှုရှိနေပြီဟု မော်ရင်ဟို ပြောကြား”
03 Nov
ရီးရဲလ်အသင်းနည်းပြ မော်ရင်ဟို က မိမိတို့အသင်းအနေဖြင့် အကောင်းဆုံးအနေအထားကို မရောက်ရှိ သေးပေမယ့် တိုးတက်မှုရှိနေပြီဟု သုံးသပ်ပြောကြားခဲ့ပါတယ်။ နည်းပြမော်ရင်ဟို က ရီးရဲလ်အသင်းကို ယခုရာသီမှာ တစ်ကျော့ပြန်ကိုင်တွယ်နေခြင်းဖြစ်ပြီး လက်ရှိတွင် ပြိုင်ပွဲစုံ ၆ ပွဲဆက် အနိုင်ရရှိထားပါတယ်။ ရီးရဲလ်အသင်းက ယခုရာသီ၌ ပြိုင်ပွဲစုံ ၁၄ ပွဲ ယှဉ်ပြိုင်ကစားထားရာ လာလီဂါတွင် ဘက်တစ်နှင့် အက်သလက်တီကိုတို့ကိုသာ ရှုံးနိမ့်၍ ကျန် ၁၂ ပွဲကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ရီးရဲလ်အသင်းက နောက်ဆုံး ၆ ပွဲ၌ ၁၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် မော်ရင်ဟိုက ပြိုင်ဘက်ဂိုးပေါက်ရှေ့၌ ယခုထက်ပို၍ ထိရောက်မှုရှိရန် လိုအပ်နေသေးကြောင်းလည်း သုံးသပ်ပြောကြားခဲ့ပါတယ်။ ရီးရဲလ်အသင်းက လက်ရှိအချိန် နိုင်ပွဲဆက်နေသော်လည်း လာလီဂါအမှတ်ပေးဇယားတွင်မူ ဘာစီလိုနာနှင့် အက်သလက်တီကိုအသင်း တို့နောက် တတိယနေရာတွင်သာ ရပ်တည်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)