“မြန်မာအမျိုးသမီးတက်ဂ်ဘောအသင်း Teqball World Series Ayutthaya 2026 ပြိုင်ပွဲမှာ ကြေးတံဆိပ်ဆုရရှိ”

03 Nov

ကမ္ဘာ့တက်ဂ်ဘောအဖွဲ့ချုပ်(FITEQ)ကကျင်းပတဲ့ နိုင်ငံတကာတက်ဂ်ဘော ပြိုင်ပွဲနှစ်ခုကို မြန်မာတက်ဂ်ဘော အသင်း ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး Teqball World Series Ayutthaya 2026 ပြိုင်ပွဲမှာ ကြေးတံဆိပ်ဆု ရရှိခဲ့ကြောင်း သိရပါတယ်။ Teqball World Series Ayutthaya 2026 ပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့မှာ အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာအမျိုးသမီးတက်ဂ်ဘောအသင်းက အမျိုးသမီးနှစ်ယောက်တွဲ (Women Double)မှာ ကြေးတံဆိပ်ဆုရရှိခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာအမျိုးသမီးတက်ဂ်ဘောအသင်းက ဆီမီးအဆင့် မှာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁)ဖြစ်တဲ့ ထိုင်းအသင်းနှင့် ယှဥ်ပြိုင်ကစားခဲ့ပြီး ရှုံးနိမ့်ကာ တတိယကြေးတံဆိပ်ဆု နဲ့သာ ကျေနပ်ခဲ့ရခြင်းဖြစ်ပါတယ်။ မြန်မာအမျိုးသမီးတက်ဂ်ဘောအသင်း၏ အမျိုးသမီးနှစ်ယောက်တွဲ (Women Double) တွင် ဆုမွန်အောင်နှင့် နိုင်နိုင်ဝင်းတို့အတွဲ ယှဥ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

03 Nov

ADVERTISE HERE .