“ONE Friday Fights 178 ပြိုင်ပွဲမှာ ကျော်စွာဝင်းနှင့် အောက်ချင်းလေး တို့၏ ပွဲများပါဝင်”

03 Nov

ONE Championship ပရိုမိုးရှင်းက ONE Friday Fights 178 ပြိုင်ပွဲကို လာမည့်နိုဝင်ဘာလ ၁၃ ရက်တွင် ကျင်းပပြုလုပ်မှာဖြစ်ပြီး ယင်းပြိုင်ပွဲမှာ မြန်မာဖိုက်တာနှစ်ဦးဖြစ်တဲ့ ကျော်စွာဝင်းနှင့် ဟာလင်းအုမ်း(အောက်ချင်း လေး)တို့၏ ပွဲများ ပါဝင်နေကြောင်း သိရပါတယ်။ ONE Championship ပရိုမိုးရှင်းက ONE Friday Fights 178 ပြိုင်ပွဲကို လာမည့်နိုဝင်ဘာလ ၁၃ ရက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံတွင် ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ONE Championship ပရိုမိုးရှင်းက လက်ရှိမှာ ONE Friday Fights 178 ပြိုင်ပွဲအတွက် တွဲဆိုင်းလေးဆိုင်းကိုသာ တရားဝင်ထုတ်ပြန်ထားပြီး ကျန်တွဲဆိုင်းများကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ONE Friday Fights 178 ပြိုင်ပွဲမှာ ထိုင်းနာမည်ကြီးဖိုက်တာနှစ်ဦးဖြစ်တဲ့ ရော့ဒ်ထန်နှင့် နွန်နို၊ ဂျပန်ဖိုက်တာ ရှီမွန်ယိုရှီနာရီနှင့် လက်ဘနွန်ဖိုက်တာ ရာမန်ဒန်အွန်ဒက်ရှ်၊ ထိုင်းဖိုက်တာ ဆာမင်ဒမ်နှင့် မြန်မာဖိုက်တာ ကျော်စွာဝင်း၊ ထိုင်းဖိုက်တာ ဘန်လူးနှင့် မြန်မာဖိုက်တာဟာလင်းအုမ်း(အောက်ချင်းလေး) တို့ပါဝင်နေပါတယ်။ (NVS 008)

03 Nov

ADVERTISE HERE .