“မှော်ဘီနှင့်တိုက်ကြီးမြို့နယ်တို့ရှိ ဆိုလာလျှပ်စစ်မြစ်ရေတင်စခန်း ၅ ခုမှ စိုက်ပျိုးရေများအပြည့်အဝ ပို့လွှတ်ပေးနေ”
03 Nov
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီနှင့် တိုက်ကြီးမြို့နယ်တို့ရှိ ဆိုလာလျှပ်စစ်မြစ်ရေတင်စခန်း ၅ ခုမှ မြို့နယ် ၂ ခုအတွင်း တောင်သူလယ်သမားများ၏ စိုက်ပျိုးမြေများသို့ ရေအပြည့်အဝပို့လွှတ်ပေးလျက်ရှိကြောင်း သိရပါတယ်။ ကန်ကလေး၊ ရေပေါ်သောင်၊ အထက်စုမြစ်ကျိုး၊ အောက်စုမြစ်ကျိုးနှင့် သရက်ချောင်းဆိုလာလျှပ်စစ် မြစ်ရေတင်စခန်းများမှ စိုက်ပျိုးမြေများ၌ စိုက်ပျိုးရေလုံလောက်စွာရရှိရေးနှင့် နွေစပါးအပါအဝင် အခြားသီးထပ် စိုက်ပျိုးသီးနှံများ အောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် အပြည့်အဝပို့လွှတ်ပေးလျက်ရှိခြင်းဖြစ်ပါတယ်။ အခုလိုပို့လွှတ်ပေးနေမှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာ ထူးမောင် က ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ (NVS 008)
03 Nov