“ရန်ကုန်မှာ မြန်မာ့ရိုးရာပွဲဈေးကို နိုဝင်ဘာလ ၆ ရက်မှ ၈ ရက်အထိ ကျင်းပမည်”

03 Nov

မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာအစားအစာများနှင့် တိုင်းရင်းသားရိုးရာဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြှင့်တင်ပြီး မျိုးဆက်သစ်လူငယ်များထံ လက်ဆင့်ကမ်းပေးနိုင်ရန် ရည်ရွယ်၍ “မြန်မာ့ရိုးရာပွဲဈေး”ကို နိုဝင်ဘာလ ၆ ရက်မှ ၈ ရက်အထိ ရန်ကုန်မြို့ရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ(YCC)မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ အဆိုပါပွဲတော်ကို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Myanmar Cultural Heritage Trust – MCHT)က ဦးစီးကျင်းပမည်ဖြစ်ပြီး နံနက် ၁၀ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ပွဲတော်မှာ မြန်မာ့ရိုးရာအစားအစာများ၊ ရိုးရာအဝတ်အထည်များ၊ ဒေသထွက်ကုန်ပစ္စည်းများ ရောင်းချခြင်းအပြင် ရိုးရာမုန့်ပြုလုပ်နည်း သရုပ်ပြပွဲများ၊ စကားဝိုင်းဆွေးနွေးပွဲများနှင့် အနုပညာဖျော်ဖြေမှုများ ပါဝင်မှာ ဖြစ်ပါတယ်။ ပွဲတော်အတွင်း ဆိုင်ခန်းပေါင်း ၁၅၅ ခန်း ဖွင့်လှစ်ရောင်းချရန် စီစဉ်ထားပြီး ဈေးရောင်းချမှုဇုန်သုံးခုနှင့် ပြသသွားမှာဖြစ်ပြီး မြန်မာရိုးရာအစားအစာများ၊ တိုင်းရင်းသားဒေသထွက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို ခင်းကျင်းရောင်းချသွားမှာ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ ပွဲဈေးက ရိုးရာပွဲတော်များနှင့်အတူ ဈေးရောင်းဈေးဝယ်ခြင်း၊ ဇာတ်သဘင်ဖျော်ဖြေခြင်းတို့နဲ့ ကျင်းပလာခဲ့တဲ့ မြန်မာ့ ယဉ်ကျေးမှု အစဉ်အလာတစ်ရပ်ဖြစ်ပါတယ်။ ယင်းအစဉ်အလာများ မပျောက်ကွယ်စေရန်၊ မျိုးဆက်သစ်လူငယ်များ ရိုးရာအစားအစာနှင့်လက်မှုပညာများကို သိရှိမြတ်နိုးလာစေရန်၊ ဒေသထွက်ကုန်နှင့် ရိုးရာမုန့်လုပ်ငန်းများ၏ ဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရန်နှင့်ယဉ်ကျေးမှု အခြေခံခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း MCHT ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS 008)

03 Nov

ADVERTISE HERE .