“သံလွင်တံတား(ဘားအံ)နှင့် ဒုံသမိတံတားတို့၏ ညပိုင်းဖြတ်သန်းခွင့်အချိန် တိုးမြှင့်”
03 Nov
ကရင်ပြည်နယ်ရှိ သံလွင်တံတား(ဘားအံ)နှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့ကို ဆက်သွယ်ထားတဲ့ ဒုံသမိ တံတားတို့၏ ညပိုင်းဖြတ်သန်းသွားလာခွင့်အချိန်များကို နိုဝင်ဘာလ ၁ ရက်မှစတင်၍ တိုးမြှင့်သတ်မှတ်ပေးခဲ့ကြောင်း သိရပါတယ်။ အသစ်သတ်မှတ်လိုက်တဲ့ အချိန်များအရ သံလွင်တံတား(ဘားအံ)ကို နံနက် ၅ နာရီမှ ည ၁၀ နာရီအထိ ဖြတ်သန်းသွားလာနိုင်မှာဖြစ်ပြီး ဒုံသမိတံတားကို နံနက် ၅ နာရီမှ ည ၈ နာရီအထိ ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ ဒုံသမိတံတားက မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အကြား လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါတဲ့ တံတားတစ်စင်းဖြစ်ပြီး ယခုလို ဖြတ်သန်းခွင့်အချိန် တိုးမြှင့်သတ်မှတ်ပေးခြင်းကြောင့် ဒေသခံများနှင့် ခရီးသွား ပြည်သူများအတွက် သွားလာရေး ပိုမိုအဆင်ပြေလာနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါတံတားနှစ်စင်း၏ ဖြတ်သန်းသွား လာခွင့် အချိန်အသစ်များကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁ ရက်မှစတင်၍ အကျုံးဝင်သတ်မှတ်ထားကြောင်း သိရပါတယ်။ (NVS 008)