“ချောင်းဆုံမြို့နယ်ရှိ Clean and Green School ဆုအတွက် ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေး”
03 Nov
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Clean and Green School ဆု စိစစ်ရွေးချယ်နိုင်ရေး ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်း ၄ ကျောင်းကို ခရိုင်အဆင့် ဆုစိစစ်ရွေးချယ်ရေးကော်မတီက ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကနေ သိရပါတယ်။ အဆိုပါကွင်းဆင်းစစ်ဆေးမှုကို နိုဝင်ဘာလ ၂ ရက်နံနက် ၁၀ နာရီမှ ညနေ ၃ နာရီ ၅၀ မိနစ်အထိ ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါတယ်။ ဘိုးနက်ကျေးရွာအုပ်စုရှိ အ.မ.က(ဘိုးနက်မြောက်)၊ အ.ထ.က(ကွမ်သဲ)၊ မူလွန်(မုရစ်ကလေး-၁)နှင့် အ.ထ.က(ရွာလွတ်)ကျောင်းတို့ကို စစ်ဆေးခဲ့ကြောင်း သိရပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းနိုင်ဦး ဦးဆောင်တဲ့ ခရိုင် အဆင့် ဆုစိစစ်ရွေးချယ်ရေးကော်မတီဝင် ၈ ဦးပါအဖွဲ့က ကျောင်းများအား Clean and Green School သတ်မှတ် စံနှုန်းများနှင့် ကိုက်ညီမှုရှိ၊ မရှိကို စစ်ဆေးခဲ့ကြခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းတစ်ကျောင်းချင်းစီအလိုက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လိုအပ်ချက်များကို အသေးစိတ်ရှင်းလင်းမှာကြားခဲ့ပြီး သတ်မှတ်စံနှုန်း များနှင့်အညီ အကောင်အထည်ဖော်နိုင်ရေး လမ်းညွှန်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)