“အီစတယ်ဗို ကို အငှားချရန် ဆွေးနွေးခြင်းမရှိကြောင်း ပြောကြားခဲ့တဲ့ အလွန်ဆို”
02 Nov
ချဲလ်ဆီးအသင်းနည်းပြ ရှာဘီအလွန်ဆို က အသင်းကစားသမား အီစတယ်ဗို ကို အငှားချရန် ဆွေးနွေးခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။ အီစတယ်ဗို က ပြီးခဲ့တဲ့ရာသီက အသင်း၏ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပေမယ့် အလွန်ဆို လက်ထက်မှာ ပွဲကစားချိန် ၁၇၂ မိနစ်သာ ရှိထားပြီး ပရီးမီးယားလိဂ် ပွဲထွက်ကစားခွင့် မရသေးကြောင်းသိရပါတယ်။ လီဗာပူးလ် အသင်းကို အရေးနိမ့်ခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာလည်း အီစတယ်ဗို ကို အရန်ခုံတွင်သာ ထိုင်ခိုင်းထားခဲ့ ပါတယ်။ အလွန်ဆို က အီစတယ်ဗို အနေနဲ့ အင်္ဂလိပ်ဘောလုံးနှင့်အသားကျရန် လိုအပ်နေသေးကြောင်း မှတ်ချက် ပြုခဲ့ပါတယ်။ အလွန်ဆို လက်ထက် ချဲလ်ဆီးတိုက်စစ်ပိုင်းမှာ မော်ဂန်ရော်ဂျာစ်၊ ကိုးပါလ်မာနှင့် ဂျော်အိုပတ်ဒရို တို့ကို အဓိကပွဲထွက်ကစားသမားအဖြစ် အသုံးပြုလျက်ရှိပါတယ်။ (NVS 008)
02 Nov