“၂၀၂၅ ဖေဖော်ဝါရီနောက်ပိုင်း ပရီးမီးယားလိဂ် ၃ ပွဲဆက် အနိုင်ရရှိခဲ့တဲ့ စပါးအသင်း”

02 Nov

ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ စပါးအသင်းက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း ပရီးမီးယားလိဂ် ၃ ပွဲ ဆက်အနိုင်ရရှိခဲ့ပါတယ်။ စပါးအသင်းက ကိုဗင်ထရီ၊ ချဲလ်ဆီးနှင့် ခရစ္စတယ်ပဲလေ့စ်အသင်းတို့ကို အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး အမှတ်ပေး ဇယားအဆင့် (၈)နေရာအထိ တက်ရောက်လာနိုင်ခဲ့ပါတယ်။ နည်းပြ ဒီဇယ်ဘီ ရဲ့ စပါးအသင်းဟာ ရာသီအစ ပရီးမီးယားလိဂ် ၆ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပေမယ့် ရလဒ်ကောင်းများ ပြန်လည်ရယူနိုင်ခဲ့ပြီး ပုံစံကောင်းတွေ ဆက်တိုက် ပြသနိုင်ခဲ့ပါတယ်။ စပါးပရိသတ်များ၏ ထောက်ခံမှုကိုရရှိလာတဲ့ ဒီဇယ်ဘီ က ဥရောပဝင်ခွင့်အတွက် အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)

02 Nov

ADVERTISE HERE .