“ပူလီဆစ် ကို ၂၀၃၁ ခုနှစ်အထိ သက်တမ်းတိုးခဲ့တဲ့ အေစီမီလန်အသင်း”

02 Nov

အေစီမီလန်အသင်းက အမေရိကန်တောင်ပံတိုက်စစ်ကစားသမား ပူလီဆစ် ကို ၂၀၃၁ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးခဲ့ပါတယ်။ အေစီမီလန်အသင်းက ကွင်းသစ်စီမံကိန်းအကြောင်း ကြေညာအပြီး နောက်တစ်ရက်မှာပဲ ပူလီဆစ် နဲ့ စာချုပ် သစ်ချုပ်ဆိုမှု အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ အေစီမီလန်အသင်းအနေနဲ့ Captain America's Rossonero mission continues လို့ရေးသားကာ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ ပူလီဆစ်ရဲ့ မူလစာချုပ်ဟာ ၂၀၂၇ ခုနှစ် ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ အခုစာချုပ်သစ်အရ ပူလီဆစ် အနေနဲ့ အေစီမီလန်အသင်းမှာ ၂၀၃၀ ကမ္ဘာ့ဖလားအပြီး နောက်တစ်နှစ်အထိ ဆက်ရှိဖို့ သေချာစေခဲ့ပါတယ်။ ပူလီဆစ် ဟာ ၂၀၂၃ ခုနှစ်မှာ ချဲလ်ဆီးအသင်း ကနေ ယူရို ၂၂ သန်းနဲ့ အေစီမီလန်အသင်းကို ရောက်ရှိလာတာဖြစ်တယ်။ အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၁၄၁ ပွဲကစားကာ ၄၄ ဂိုး သွင်းပေးခဲ့ပြီး ၂၈ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ (NVS 008)

02 Nov

ADVERTISE HERE .