“PSG အသင်းသမိုင်းမှာ နိုင်ပွဲအများဆုံးနည်းပြအဖြစ် အန်နရစ် မှတ်တမ်းသစ်ရေးထိုး”
02 Nov
PSG အသင်းနည်းပြ လူးဝစ်အန်နရစ် က လူအယ်ဗာအသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီးနောက် အသင်းသမိုင်းတစ်လျှောက် နိုင်ပွဲအများဆုံးနည်းပြအဖြစ် မှတ်တမ်းသစ် ရေးထိုးခဲ့ပါတယ်။ အန်နရစ် က PSG အသင်းကို ပြိုင်ပွဲစုံ ၁၈၈ ပွဲ ကိုင်တွယ်ခဲ့ရာ ၁၂၇ ပွဲ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင် ခဲ့ပါတယ်။ ဒါကြောင့် ယခင်နိုင်ပွဲအများဆုံးဖြစ်တဲ့ လောရင့်ဘလန့် ရဲ့ ၁၂၆ ပွဲ ကို တစ်ပွဲအသာဖြင့် ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ PSG အသင်းက ရာသီအစသုံးပွဲမှာ တစ်မှတ်သာရခဲ့ပေမယ့် အမှတ်ပေးပွဲ ခြောက်ပွဲဆက် အနိုင်ကစားပြီး ပြိုင်ပွဲစုံကိုးပွဲဆက် အနိုင်ရရှိခဲ့ပါတယ်။ အူစမန်ဒမ်ဘီလီ၊ ခါဗာရက်ဆကယ်လီယာ စတဲ့ အဓိကကစားသမားများ ဒဏ်ရာပြဿနာရှိနေခြင်းကြောင့် အန်နရစ် အနေနဲ့ လိုင်ယွန်နှင့်ပွဲမှ ပွဲထွက်စာရင်းကို ငါးနေရာ အပြောင်းအလဲလုပ်ခဲ့ရကြောင်း သိရပါတယ်။ (NVS 008)
02 Nov