“အဲလက်စကော့ ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတဲ့ ချဲလ်ဆီးအသင်း”
02 Nov
ပရီးမီးယားလိဂ်ထိပ်သီးကလပ် ချဲလ်ဆီးအသင်းက ဘုန်းမောက်ကွင်းလယ်လူ အဲလက်စကော့ ကို ခေါ်ယူ နိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။ အဲလက်စကော့ ကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ချဲလ်ဆီးအသင်းအနေနဲ့ ကမ်းလှမ်းသွား မှာဖြစ်ပြီး ၎င်းအတွက် ပေါင်သန်း ၉၀ ဝန်းကျင်အသုံးပြုဖွယ်ရှိနေပါတယ်။ အသက် ၂၃ နှစ်အရွယ် အဲလက်စကော့ က အစောပိုင်းကာလများက လီဗာပူးလ်အသင်းနှင့် သတင်းထွက်ခဲ့သူဖြစ်ပါတယ်။ စကော့ က အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ၂ ပွဲသာ ကစားခွင့်ရရှိသေးသော်လည်း ပရီးမီးယားလိဂ် အရည်သွေးမြင့် ကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက လာမည့်ဇန်နဝါရီလမှာ စကော့ အပြင် တိုက်စစ်မှူးတစ်ဦးကို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ (NVS 008)
02 Nov