“မော်လမြိုင်မြို့မှာ မွန်ပြည်နယ်လူငယ်စင်တာနှင့် ပြည်နယ်စာကြည့်တိုက် အဆောက်အအုံသစ် တည်ဆောက်မည်”
02 Nov
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်မှာ လူငယ်များ၏ အသိပညာဗဟုသုတနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် မွန်ပြည်နယ်လူငယ်စင်တာနှင့် ပြည်နယ်စာကြည့်တိုက် အဆောက်အအုံသစ်ကို တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အဆောက်အအုံသစ်တည်ဆောက်မည့် မြေနေရာ၊ ဒီဇိုင်းပုံစံနှင့် ပတ်ဝန်းကျင်သာယာလှပရေးဆိုင်ရာ အစီအမံများကို လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက နိုဝင်ဘာလ ၁ ရက်မှာ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ အခုလိုကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက လူငယ်များ အသိပညာဗဟုသုတ ရှာမှီးနိုင်ရေး၊ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ တက်ကြွစွာပါဝင်နိုင်ရေးနှင့် အချင်းချင်းတွေ့ဆုံဆွေးနွေး အကြံပြုနိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့အတွက် လူငယ်စင်တာနှင့် စာကြည့်တိုက်အဆောက်အအုံကို စနစ်တကျ တည်ဆောက်သွားရန် မှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS 008)