“မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံ အာဆီယံမူဘောင်အောက်မှ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး”
02 Nov
မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံ အာဆီယံမူဘောင်အောက်မှ ပူးပေါင်းဆောင်ရွက်ရေးကို မြန်မာသံအမတ်ကြီး နှင့် ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန လက်ထောက် ဝန်ကြီးတို့ ဆွေးနွေးခဲ့ကြပါတယ်။ အာဆီယံထုတ်ပြန်ချက် ၅ ရပ်နှင့်ပတ်သက်၍ မြန်မာအစိုးရ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ ဖြစ်ပေါ်တိုးတက်မှုများနှင့် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံကြား နှစ်နိုင်ငံချင်းနှင့် အာဆီယံမူဘောင်အောက်မှ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဖနောင်ပင်မြို့၏ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး H.E. Mr. Yeap Samnang တို့က အောက်တိုဘာလ ၃၀ ရက်နံနက်ပိုင်းက တွေ့ဆုံခဲ့ကြခြင်းဖြစ်ပါတယ်။ (NVS 008)