“အလုပ်သမားဆေးရုံ(ထန်းတပင်)မှာ နာတာရှည်ကျောက်ကပ်ဝေဒနာရှင် အာမခံအလုပ်သမားများကို ကျောက်ကပ်သွေးသန့်စင်ဆေးကြောသည့် ဝန်ဆောင်မှုစတင်”

02 Nov

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ(ထန်းတပင်)၌ နာတာရှည်ကျောက်ကပ် ဝေဒနာရှင် အာမခံအလုပ်သမားများကို ကျောက်ကပ်သွေးသန့်စင် ဆေးကြောပေးတဲ့ဝန်ဆောင်မှု စတင်ပြုလုပ်ပေး နေပြီဖြစ်ကြောင်း သိရပါတယ်။ ဒါ့ကြောင့် လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ အင်းစိန်မြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့မှ ကျောက်ကပ်ရောဂါခံစားနေရသော အာမခံအလုပ်သမားလူနာများအနေနဲ့ အလုပ်သမားဆေးရုံကြီး(ရန်ကုန်)သို့ သွားရောက်ရန်မလိုတော့ဘဲ အလုပ်သမားဆေးရုံ(ထန်းတပင်)မှာ ကျောက်ကပ်သွေးသန့်စင်ခြင်း ဝန်ဆောင်မှုကို လွယ်ကူစွာရယူနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ အခုလို အလုပ်သမားဆေးရုံ(ထန်းတပင်)မှာ ပြင်ပလူနာကုသမှု၊ ဆေးရုံတက်လူနာကုသမှုများ၊ နာတာရှည်ကျောက်ကပ်ရောဂါ ခံစားနေရသော အာမခံအလုပ်သမားလူနာများကို ကျောက်ကပ်သွေးသန့်စင်ဆေးကြောတဲ့ ဝန်ဆောင်မှုစတင်ဆောင်ရွက်နိုင်မှုကို နိုဝင်ဘာလ ၁ ရက်နံနက်ပိုင်းမှာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့် က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးက ဆေးရုံတက်ရောက်၍ ကုသမှုခံယူနေကြသော အာမခံအလုပ်သမားလူနာ များကို အလှူငွေများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

02 Nov

ADVERTISE HERE .