“၉ ရက်တိုင်ကျင်းပမည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ မီးပုံးပျံ ၅၆၁ လုံးပါဝင်ယှဉ်ပြိုင်မည်”

02 Nov

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၁၆ ရက်မှ ၂၄ ရက်အထိ ၉ ရက် တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါတန်ဆောင်တိုင်ပွဲတော်၏ မီးပုံးပျံပြိုင်ပွဲများမှာ မီးပုံးပျံ ညမီးကြီး ၇၁ လုံး၊ စိန်နားပန် ၄၁ လုံး၊ နေ့လွတ် ခြေနှစ်ချောင်း ၂၃၆ လုံး၊ ခြေလေးချောင်း ၁၃၈ လုံး၊ အရုပ်အုပ်စု ၇၅ လုံး(စုစုပေါင်းမီးပုံးပျံ ၅၆၁ လုံး)ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရပါတယ်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၁ ရက်နံနက်ပိုင်းတွင် ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး တက်ရောက်၍ ပွဲတော်ရက်များမှာ အနယ်နယ် အရပ်ရပ်မှပြည်သူများ ပွဲတော်သို့လာရောက်လည်ပတ်မည်ဖြစ်၍ လုံခြုံရေးကိစ္စများကို စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ ဒါ့အပြင် မီးပုံးပျံများမှာ အသုံးပြုတဲ့ယမ်းများ အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ဂရုတစိုက်အလေးထား ဆောင်ရွက်ရန်၊ သက်ဆိုင်ရာကဏ္ဍအလိုက် မီးပုံးပျံပြိုင်ပွဲများတွင် အကဲဖြတ်အမှတ်ပေးရာ၌ အဂတိကင်းစွာ ဆုံးဖြတ် အမှတ်ပေးရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS 008)

02 Nov

ADVERTISE HERE .