“မြန်မာ-အီဂျစ် နှစ်နိုင်ငံ စိုက်ပျိုးရေးနှင့်ဆည်မြောင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး”

02 Nov

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်က အောက်တိုဘာလ ၂၅ ရက်မှ ၂၉ ရက်အထိ အီဂျစ်နိုင်ငံသို့ရောက်ရှိနေစဥ် မြန်မာ-အီဂျစ် နှစ်နိုင်ငံ စိုက်ပျိုးရေးနှင့် ဆည်မြောင်းကဏ္ဍ နည်းပညာဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ဆွေးနွေးခဲ့ပါတယ်။ အဆိုပါကဏ္ဍများအတွက် ပြည်ထောင်စုဝန်ကြီးက အီဂျစ်နိုင်ငံ စိုက်ပျိုးရေးနှင့် မြေယာပြုပြင်ရေးဝန်ကြီး H.E. Alaa Farouk ၊ ရေအရင်းအမြစ်နှင့် ဆည်မြောင်းဝန်ကြီး Dr. Hani Sewilan တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးက အီဂျစ်နိုင်ငံ၏ ဖိတ်ကြားချက်အရ ကိုင်ရိုမြို့မှာကျင်းပတဲ့ နဝမအကြိမ် ကိုင်ရို ရေရက်သတ္တပတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ခရီးစဥ်အတွင်း အီဂျစ်နိုင်ငံသမ္မတနန်းတော်မှာ အီဂျစ်နိုင်ငံသမ္မတ အဗ္ဗဒယ်ဖာတတ်အယ်လ်စီစီနှင့် ဝန်ကြီးအဆင့်ရှိ ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။ ဆက်လက်ပြီး အခမ်းအနားနှင့် ဆက်စပ်ဆွေးနွေးပွဲများကို တက်ရောက်လေ့လာခြင်း၊ ဝါစိုက်ပျိုးရေး သုတေသနဌာန၊ တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ ကာကွယ်ဆေးများထုတ်လုပ်နေမှုနှင့် ဓာတ်ခွဲခန်းများ၊ နို့စားနွားမွေးမြူ ရေးလုပ်ငန်းများ၊ နိုင်းမြစ်ရေဖြင့် စိုက်ပျိုးရေ ပေးဝေနိုင်ရေးဆောင်ရွက်မှုများနှင့် ရေသုတေသနဆောင်ရွက်နေမှု များကိုလည်း ကြည့်ရှုလေ့လာခဲ့ပါတယ်။ (NVS 008)

02 Nov

ADVERTISE HERE .