“မြန်မာ-ထိုင်း-ရုရှား သုံးနိုင်ငံ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ဆွေးနွေး”

01 Nov

စွမ်းအင်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန် ထိုင်းနိုင်ငံ၌ ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် သည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်အတူ ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီး H.E. Mr. Akanat Promphan ၊ ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး H.E. Mr. Maxim Reshetnikov တို့နှင့် သီးခြားစီတွေ့ဆုံပြီး မြန်မာ-ထိုင်း-ရုရှား သုံးနိုင်ငံစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို ဆွေးနွေး ခဲ့ကြောင်း သိရပါတယ်။ ဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံ ထားဝယ်ဒေသစီမံကိန်းများသည် ဒေသတွင်းနိုင်ငံများနှင့် ကုန်စည်ကူးသန်း ရောင်းဝယ်နိုင်ရန်အတွက် အချက်အချာကျသည့် နေရာတစ်ခုဖြစ်လာမည့် အခြေအနေ၊ သုံးနိုင်ငံစလုံးအတွက် အကျိုး ဖြစ်ထွန်းစေမည့် စီမံကိန်းဖြစ်၍ အမြန်ဆုံးအကောင်အထည်ဖော် ပြီးမြောက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိသည့် အခြေအနေ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ စွမ်းအင်လိုအပ်ချက်သည် မြင့်တက်လျက်ရှိရာ နှစ်နိုင်ငံပူးပေါင်း၍ ဖြေရှင်းနိုင်ရန် ကြိုးစားနေမှုအခြေအနေ၊ LNGသည် ကျစ်လျစ်သိပ်သည်းစွာ သယ်ဆောင်နိုင်ပြီး သန့်ရှင်းသည့်စွမ်းအင်အဖြစ် သတ်မှတ်ထားကြသည်ဖြစ်ရာ ယနေ့စွမ်းအင်အသွင် ကူးပြောင်းရေး ကာလတွင် အထူးအရေးပါသည့် စွမ်းအင်ဖြစ်နေသည့်အတွက် LNG ကုန်သွယ်မှုများ မြင့်တက်လာနေသည့် အခြေ အနေ၊ ရုရှားနိုင်ငံမှ LNG ကို မြန်မာနိုင်ငံသို့ သယ်ဆောင်ပြီး ထိုင်းနိုင်ငံက မျှဝေသုံးစွဲနိုင်ခြင်းဖြင့် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ စွမ်းအင်အခက်အခဲကို ဖြေရှင်းနိုင်မည့်အခြေအနေ၊ ထားဝယ်ဒေသမှတစ်ဆင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအတွင်းသို့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ သွယ်တန်းပြီးဖြစ်ရာ ယင်းအခြေခံကောင်းများကို အသုံးချ၍ ထားဝယ်ဒေသတွင် LNG Terminal တည်ဆောက်နိုင်သည့် အခြေအနေ၊ မြန်မာနိုင်ငံနှင့် ရှရှားနိုင်ငံတို့အကြား LNG အပါအဝင် လောင်စာဆီတင်ပို့နိုင်ရေးအတွက် MoU ရေးထိုးပြီးဖြစ်သကဲ့သို့ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် မကြာမီအချိန်အတွင်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအတွက် MoU ရေးထိုးနိုင်တော့မည်ဖြစ်ရာ သုံးနိုင်ငံပူးပေါင်း၍ စွမ်းအင်ကုန်သွယ်မှုများ စတင်နိုင်ရန် အချိန်အခါကောင်းဖြစ်သည့်အခြေအနေ၊ မြန်မာ-ထိုင်း-ရုရှား သုံးနိုင်ငံပူးပေါင်း၍ ထားဝယ်ဒေသတွင် ရင်းနှီးမြှုပ်နှံ၍ ဆက်လက်ဆောင်ရွက်သွားကြမည့် စီမံကိန်းလုပ်ငန်းစဉ် များကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။(NVS 008)

01 Nov

ADVERTISE HERE .