“ဟော်မုဇ်ရေလက်ကြား၌ ရေနံတင်သင်္ဘောလေးစီး ပေါက်ကွဲမီးလောင်ခဲ့ကြောင်း အီရန်ပြောကြား”
01 Nov
ဟော်မုဇ်ရေလက်ကြားဒေသ၌ ရေနံတင်သင်္ဘောလေးစီး ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု အီရန် တော်လှန်ရေးအစောင့်တပ်က အောက်တိုဘာလ ၃၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြ ထားသည်။ အဆိုပါ ရေနံတင်သင်္ဘောလေးစီးတို့သည် ဖြတ်သန်းခွင့်မရှိသော ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်း များကို ဖြတ်သန်းနေစဉ် ရေမြှုပ်မိုင်းထိမှန်ခဲ့ခြင်းဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် သတင်းထုတ်ပြန် ချက်၌ ဖော်ပြထားသည်။ ပေါက်ကွဲမီးလောင်မှုဖြစ်ပွားခဲ့သည့် ရေနံတင်သင်္ဘောများအနက် တစ်စီးမှာ ရေနံစိမ်းစည်ပေါင်း နှစ်သန်း ကျော် သယ်ဆောင်ထားကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်များ၏ အဆိုအရသိရသည်။ အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့က ယခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်တွင် စစ်ရေးအရတိုက်ခိုက်ခဲ့ပြီးနောက် အီရန်နိုင်ငံသည် မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းများကို ပိတ်ဆို့ထားသည်။ အီရန်၏ ခွင့်ပြုချက်မရဘဲ ဟော်မုဇ်ရေလက်ကြားကို မဖြတ်သန်းရန် အီရန်တော်လှန်ရေးအစောင့်တပ်က နိုင်ငံတကာရေယာဉ်များကို သတိပေးထားကြောင်းသိရသည်။