“ချန်ပီယံခါးပတ် ကာကွယ်ပွဲစဉ်ထိုးသတ်ရန် ကြံ့ခိုင်မှုပြည့်ဝပြီဖြစ်ကြောင်း ဂျိုရှုအာဗန် အတည်ပြု”

31 Oct

UFC ကမ္ဘာ့ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲစဉ် ထိုးသတ်ရန် ကြံ့ခိုင်မှုပြည့်ဝပြီဖြစ်ကြောင်း ဂျိုရှုအာဗန် က ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဖော်ပြခဲ့ပါတယ်။ ဂျိုရှုအာဗန် ဟာ ပြီးခဲ့တဲ့ UFC ကမ္ဘာ့ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲစဉ်အဖြစ် ဘရာဇီးဖိုက်တာ ပန်တိုဂျာ နှင့်ပွဲစဉ်မတိုင်မီက ပခုံးဒဏ်ရာရရှိထားခြင်းဖြစ်ပြီး ပန်တိုဂျာ နှင့်ပွဲစဉ်တွင် ဒဏ်ရာဖြင့်ထိုးသတ်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ထပ် ချန်ပီယံခါးပတ် ကာကွယ်ပွဲစဉ်ထိုးသတ်ရန် ၎င်း၏ဆေးအဖွဲ့ဝင်များဖြင့် ပခုံးဒဏ်ရာကို စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ ဒဏ်ရာကင်းရှင်းကြောင်း ဆေးအဖွဲ့က အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။ ဂျိုရှုအာဗန် အနေနဲ့ တတိယအကြိမ်မြောက် ချန်ပီယံခါးပတ် ကာကွယ်ပွဲစဉ်အဖြစ် လာမည့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်၌ကျင်းပမည့် UFC 336 ပြိုင်ပွဲတွင် ပေါ်တူဂီဖိုက်တာ မာနယ်ကပ် နှင့် ထိုးသတ်ရမှာဖြစ်ပါတယ်။ ဂျိုရှုအာဗန် ဟာ ပထမအကြိမ် ချန်ပီယံခါးပတ် ကာကွယ်ပွဲစဉ်အဖြစ် ဂျပန်ဖိုက်တာ တိုင်ရာ နှင့် ထိုးသတ်ခဲ့ရာ အလဲထိုးဖြင့် အနိုင်ရခဲ့ပြီး ဒုတိယမြောက်ပွဲစဉ်အဖြစ် စက်တင်ဘာလ ၂၀ ရက်က ချန်ပီယံဟောင်း ပန်တိုဂျာ နှင့် ထိုးသတ်ခဲ့ရာတွင်လည်း ဒိုင်အမှတ်ဖြင့်အနိုင်ရရှိခဲ့ပါတယ်။(NVS 008)

31 Oct

ADVERTISE HERE .