“နည်းပြ ကွန်ပနီ ဆေးရုံမှပြန်ဆင်းခဲ့ပြီးနောက် မကြာမီ အသင်းကို ပြန်လည်တာဝန်ယူမည်”

31 Oct

ဘိုင်ယန်မြူးနစ်အသင်း နည်းပြ ကွန်ပနီ ဆေးရုံမှပြန်ဆင်းခဲ့ပြီး မကြာမီ အသင်းကို ပြန်လည်တာဝန်ယူ နိုင်မှာဖြစ်ကြောင်း အားကစားဒါရိုက်တာ မက်စ်အီဘဲလ် က ပြောကြားခဲ့ပါတယ်။ ၄၀ နှစ်အရွယ် နည်းပြ ကွန်ပနီ ဟာ ပြီးခဲ့တဲ့အပတ်က အသင်းလေ့ကျင့်ရေးကွင်း၌ ရုတ်တရက်မူးလဲပြီး သတိလစ်ခဲ့လို့ အရေးပေါ် ဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ရခြင်းဖြစ်ပါတယ်။ အာရုံကြောအမြှေးပါး ရောင်ရမ်း မှုကြောင့် လဲကျခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ ဆေးရုံမှပြန်ဆင်းနိုင်ခဲ့ကြောင်း သိရပါတယ်။ ကွန်ပနီ အနေနဲ့ ရက်သတ္တပတ်အနည်းငယ် အနားယူရမှာဖြစ်ပြီး လက်ရှိတွင် ဘိုင်ယန်မြူးနစ်အသင်းကို လက်ထောက်နည်းပြဖြစ်သူ အာရွန်ဒန့်စ် က တာဝန်ယူထားကြောင်း သိရပါတယ်။ (NVS 008)

31 Oct

ADVERTISE HERE .