“နယူးကာဆယ်အသင်းက အိုင်ဗန်တိုနေး ကိုခေါ်ယူရန်စီစဉ်”
31 Oct
နယူးကာဆယ်အသင်းက အယ်လ်အာလီအသင်း တိုက်စစ်မှူး အိုင်ဗန်တိုနေး ကိုခေါ်ယူရန် စီစဉ်လျက် ရှိကြောင်း သိရပါတယ်။ အသက် ၃ဝ အရွယ် တိုက်စစ်မှူး အိုင်ဗန်တိုနေး ဟာ အယ်လ်အာလီအသင်းနှင့်အတူ ၂ဝ၂၄-၂ဝ၂၅ မှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁ဝ၅ ပွဲကစားပြီး ၈၃ ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် နယူးကာဆယ် အသင်းက ခေါ်ယူရန်စီစဉ်လာခြင်းဖြစ်ပါတယ်။ တိုက်စစ်မှူး အိုင်ဗန်တိုနေး ကလည်း လက်ရှိအချိန်တွင် အယ်လ်အာလီအသင်း တာဝန်ရှိသူများနှင့် ဆက်ဆံရေးအဆင်မပြေခြင်းကြောင့် အသင်းမှထွက်ခွာလိုနေကြောင်း သိရပါတယ်။(NVS 008)
31 Oct