“ဟက်ထရစ်သွင်းဂိုး သွင်းယူကာ သွင်းဂိုး ၁,၀၀၀ ပြည့်မြောက်ရန် နီးစပ်လာခဲ့တဲ့ စီရော်နယ်ဒို”
31 Oct
အယ်လ်နာဆာအသင်း တိုက်စစ်မှူး စီရော်နယ်ဒို က ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၂)အဖြစ် ကစားခဲ့တဲ့ အယ်လ်နာဆာနှင့် အယ်လ်ခိုလော့အသင်းတို့ ပွဲစဉ်တွင် ဟက်ထရစ်သွင်းဂိုး သွင်းယူခဲ့ပြီး ပရော်ဖက်ရှင်နယ်သွင်းဂိုး ၁,၀၀၀ ပြည့်မြောက်သည့် ပထမဆုံးကစားသမားဖြစ်လာရန် နီးစပ်လာကြောင်း 365 Scores သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အဆိုပါပွဲစဉ်တွင် စီရော်နယ်ဒို က ဟက်ထရစ်သွင်းဂိုး သွင်းယူခဲ့ပြီးနောက် ပရော်ဖက်ရှင်နယ် ကစားသမား ဘဝတွင် သွင်းဂိုး ၉၈၅ ဂိုးထိရှိလာခဲ့ရာ ယခုနှစ်ဘောလုံးရာသီ မကုန်ဆုံးမီ သွင်းဂိုး ၁,၀၀၀ ပြည့်မြောက်ရန် နီးစပ်လာခဲ့ခြင်းဖြစ်ပါတယ်။ ဘောလုံးလောကတွင် ပရော်ဖက်ရှင်နယ်သွင်းဂိုး ၁,၀ဝ၀ ပြည့်မြောက်သည့် တစ်ဦးမျှမရှိခဲ့ဘဲ ယခုအခါမှသာ စီရော်နယ်ဒို က သွင်းဂိုး ၁,ဝဝဝ ပြည့်မြောက်မည့် ပထမဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ရန် နီးစပ်လာခြင်း ဖြစ်ပါတယ်။(NVS 008)
31 Oct