“၂၀၂၆-၂၀၂၇ ဘောလုံးရာသီ လိဂ်ဖလားကွာတားဖိုင်နယ်အဆင့် ပွဲစဉ်များထွက်ပေါ်”
31 Oct
၂၀၂၆-၂ဝ၂၇ ဘောလုံးရာသီ လိဂ်ဖလား စတုတ္ထအဆင့်ပွဲစဉ်များ ယှဉ်ပြိုင်ကစားအပြီးမှာ ကွာတားဖိုင်နယ် အဆင့်ပွဲစဉ်များ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ လိဂ်ဖလား ကွာတားဖိုင်နယ်အဆင့်တွင် မန်စီးတီးနှင့် ဘရက်ဖို့ဒ်၊ လီဗာပူးနှင့် ဘုန်းမောက်၊ ခရစ္စတယ်ပဲလေ့စ်နှင့် ဆန်းဒါးလန်း၊ ဖလီးဝုဒ်နှင့် အဲဗာတန်အသင်းတို့ အသီးသီး တွေ့ဆုံလျက်ရှိပါတယ်။ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ လိဂ်ဖလား ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်များကို လာမည့်ဒီဇင်ဘာဘ ၁၄ ရက် တွင် ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ချန်ပီယံဆုကိုဆွတ်ခူးရန် မန်စီးတီးအသင်းက ရေပန်းစားလျက်ရှိကြောင်း သိရပါတယ်။(NVS 008)
31 Oct