“ခေတ်မီပြီး လုံခြုံစိတ်ချရသည့် ဒီဂျစ်တယ်အခြေခံအဆောက်အဦများကို အခြေခံခိုင်မာအောင် တည်ဆောက် သွားရန်တိုက်တွန်း”

31 Oct

ခေတ်မီပြီး လုံခြုံစိတ်ချရသည့် ဒီဂျစ်တယ်အခြေခံအဆောက်အဦများကို အခြေခံခိုင်မာအောင် တည်ဆောက် သွားရန် ဒုတိယသမ္မတ ဦးညိုစော က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရပါတယ်။ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဗဟိုကော်မတီညှိနှိုင်းအစည်းအဝေး(၁/၂၀၂၆)ကို အောက်တိုဘာလ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပစဉ် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်၍ အမှာစကားပြောကြားစဉ် အထက်ပါအတိုင်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးတွင် ဒုတိယသမ္မတ က ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန် ကဏ္ဍအလိုက်၊ အပိုင်းလိုက်၊ အဆင့်လိုက် လမ်းပြမြေပုံများချမှတ်ပြီး မဟာ ဗျူဟာမြောက်ဆောင်ရွက်နေမှု၊ ခေတ်မီပြီး လုံခြုံစိတ်ချရသည့် ဒီဂျစ်တယ်အခြေခံ အဆောက်အဦများကို အခြေခံခိုင်မာအောင် တည်ဆောက်သွားရန်နှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုပေးသည့် ယန္တရားများတည်ဆောက်ပြီး အစိုးရ၏ e-Government စနစ်များကို အပြည့်အဝ ဒီဂျစ်တယ်အသွင် ပြောင်းလဲဆောင်ရွက်သွားရန် လိုအပ်မှု အခြေအနေများ၊ နိုင်ငံတကာနှင့် အာဆီယံဒေသတွင်းနိုင်ငံများတွင် ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်ပြီး အမျိုးသား ဆိုက်ဘာလုံခြုံရေးဥပဒေ၊ ဆိုက်ဘာမှုခင်းဆိုင်ရာ တားဆီးနှိမ်နင်းရေးဥပဒေ၊ ကိုယ်ရေးအချက်အလက်ကာကွယ်ရေး ဥပဒေနှင့် နယ်စပ်ဖြတ်ကျော် ဒီဂျစ်တယ်ဒေတာ စီးဆင်းမှုလုံခြုံရေးမူဝါဒများကဲ့သို့သော ဥပဒေ၊ မူဘောင်များ ထုတ်ပြန်ချမှတ် ဆောင်ရွက်နေသည့်အခြေအနေများ၊ ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက် နေကြသည့် ဒီဂျစ်တယ်စနစ်များကို အမျိုးသားဒေတာစင်တာစနစ်တစ်ခု ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်မှု အခြေအနေများ၊ ဆိုက်ဘာတိုက်ခိုက်မှုများကို ဆိုက်ဘာလုံခြုံရေး စောင့်ကြည့်ကွပ်ကဲရေး ဗဟိုဌာနဖြင့် နိုင်ငံ တကာနှင့် ရင်ပေါင်တန်းနိုင်မည့် ဆိုက်ဘာဝန်းကျင်တစ်ခုကို အတူတကွတည်ဆောက်နိုင်ရန် လိုအပ်မှုအခြေအနေ များကို အသေးစိတ်ရှင်းလင်းပြောကြားပြီး ကော်မတီ၏ လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြရန် တိုက်တွန်း ပြောကြားခဲ့ပါတယ်။ အစည်းအဝေးသို့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအောင်၊ ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအလိုက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။(NVS 008)

31 Oct

ADVERTISE HERE .