“ဥရောပနိုင်ငံများနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ထားရှိရန်ရည်ရွယ်သည့် မည်သည့်ခြေလှမ်းမျိုးမဆို ရုရှားသမ္မတ ကြိုဆို”

31 Oct

ဥရောပနိုင်ငံများနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ထားရှိရန်ရည်ရွယ်သည့် မည်သည့်ခြေလှမ်းမျိုးကိုမဆို ရုရှားနိုင်ငံက ကြိုဆိုသည်ဟု သမ္မတ ပူတင် က အောက်တိုဘာလ ၂၉ ရက်တွင် ပြောကြားခဲ့ကြောင်း RT သတင်းဌာန က ဖော်ပြထားသည်။ မော်စကိုမြို့၌ကျင်းပခဲ့သော ရုရှား-အာဖရိက ထိပ်သီးညီလာခံပြီးဆုံးပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ရုရှားသမ္မတ ပူတင် က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ရုရှားနိုင်ငံအနေဖြင့် စစ်ကိုမလိုလားသော်လည်း ဥရောပနှင့် ဖြစ်ပွားနိုင်ခြေရှိသော စစ်ရေးပဋိပက္ခအတွက် ရုရှားနိုင်ငံက ပြင်ဆင်ထားကြောင်း သမ္မတ ပူတင် က ပြောကြားထားသည်။ သို့ရာတွင် ဥရောပနိုင်ငံများနှင့် ဆက်ဆံရေးပြန်လည်ထားရှိမည့် မည်သည့်ခြေလှမ်းမျိုးကိုမဆို ရုရှားနိုင်ငံကကြိုဆိုကြောင်း သမ္မတ ပူတင် က ပြောကြားခဲ့သည်။ ထို့ပြင် ရုရှားနိုင်ငံနှင့် ဥရောပတို့ကြား မည်သည့်စစ်ရေးပဋိပက္ခမျိုး ဖြစ်ပွားခဲ့သည်ဖြစ်စေ အနိုင်ရသူရှိမည် မဟုတ်ကြောင်းလည်း သမ္မတ ပူတင် က ပြောကြားခဲ့သည်။ ရုရှားသမ္မတ ပူတင် သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖင်လန်သမ္မတ အလက်ဇန်းဒါးစတပ်ဘ် နှင့် နော်ဝေဝန်ကြီးချုပ် ယိုးနက်စ်ဂါး စတိုရီ တို့နှင့် ဖုန်းခေါ်ဆိုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

31 Oct

ADVERTISE HERE .