“ဂျိတ်ခ်ပေါလ် နှင့် အန်သိုနီဂျိုရှုအာ တို့ထိုးသတ်ရန် ဆွေးနွေးမှုများလုပ်ဆောင်မည်ဟု ပွဲစီစဉ်သူ နာကီဆာ ပြော”

30 Oct

အမေရိကန်လက်ဝှေ့သမား ဂျိတ်ခ်ပေါလ် နှင့် ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှုအာ တို့ လာမည့် ၂၀၂၇ ခုနှစ် အတွင်းထိုးသတ်ရန် ဆွေးနွေးမှုများလုပ်ဆောင်မည်ဟု ဂျိတ်ခ်ပေါလ် ၏ပွဲစီစဉ်သူ နာကီဆာ က အတည်ပြုပြောကြား ခဲ့ကြောင်း Boxing World သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဂျိတ်ခ်ပေါလ် နှင့် အန်သိုနီဂျိုရှုအာတို့ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ထိုးသတ်ခဲ့ရာ အန်သိုနီဂျိုရှုအာ က အလဲထိုးဖြင့်အနိုင်ရခဲ့ပြီး ဂျိတ်ခ်ပေါလ်က အဆိုပါပွဲစဉ်တွင် မေးရိုးကျိုးဒဏ်ရာ ရရှိခဲ့ပြီးနောက် အနားယူခဲ့ရခြင်း ဖြစ်ပါတယ်။ နာကီဆာ က ဂျိတ်ခ်ပေါလ် အနေနဲ့ အန်သိုနီဂျိုရှုအာ နဲ့ မကျေပွဲကို ပြန်လည်ထိုးသတ်ဖို့ တောင်းဆိုထားပြီး အန်သိုနီဂျိုရှုအာ နဲ့ ဂျိတ်ခ်ပေါလ် တို့မကျေပွဲစဉ်ကို ၂၀၂၇ ခုနှစ် မှာထိုးသတ်ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကာ ဂျိတ်ခ်ပေါလ် အတွက် အန်သိုနီဂျိုရှုအာ နဲ့ မကျေပွဲထိုးသတ်မဲ့ပွဲက အကောင်းဆုံးပွဲစဉ် ဖြစ်လာမယ်လို့ ပြောကြားခဲ့ ပါတယ်။ ဂျိတ်ခ်ပေါလ် ဟာ အန်သိုနီဂျိုရှုအာ နှင့် ပွဲစဉ်နောက်ပိုင်း ဆေးဝါးကုသမှုများ လုပ်ဆောင်ခဲ့ပြီးနောက် လက်ရှိမှာ ဒဏ်ရာက ရာနှုန်းပြည့်ပြန်လည်ကောင်းမွန်လာခဲ့လို့ အန်သိုနီဂျိုရှုအာ နှင့် ပြန်လည်ထိုးသတ်ရန် စီစဉ်နေခြင်း ဖြစ်ပါတယ်။(NVS 008)

30 Oct

ADVERTISE HERE .