“ဖိုလာရင်ဘာလိုဂန် ကိုခေါ်ယူရန် ဂျူဗင်တပ်အသင်းကမ်းလှမ်း”
30 Oct
ဂျူဗင်တပ်အသင်းက မိုနာကိုအသင်းတိုက်စစ်မှူး ဖိုလာရင်ဘာလိုဂန် ကိုခေါ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူး ဖိုလာရင်ဘာလိုဂန် ဟာ မိုနာကိုအသင်းနှင့်အတူ ၂ဝ၂၃-၂ဝ၂၄ မှ လက်ရှိ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၉၄ ပွဲကစားပြီး ၃၁ ဂိုး သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ဂျူဗင်တပ်အသင်းက ခေါ်ယူရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါတယ်။ မိုနာကိုအသင်းကလည်း ဖိုလာရင်ဘာလိုဂန် အတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးရရှိပါက ရောင်းချသွားဖို့ ရှိနေပါတယ်။(NVS 008)
30 Oct