“ကာဒီအိုဂလူ ဒဏ်ရာကြောင့် ရက်သတ္တပတ်အတန်ကြာ အနားယူရဖွယ်ရှိနေ”
30 Oct
ဘရိုက်တန်အသင်း နောက်ခံကစားသမား ကာဒီအိုဂလူ ဟာ တင်ပါးဆုံရိုးဒဏ်ရာကြောင့် ရက်သတ္တပတ် အတန်ကြာ အနားယူရဖွယ်ရှိနေကြောင်း သိရပါတယ်။ နောက်ခံကစားသမား ကာဒီအိုဂလူ ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းက လီဗာပူးအသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။ ကာဒီအိုဂလူ ဒဏ်ရာရရှိမှုက ဘရိုက်တန် အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ရပ်လည်း ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကာဒီအိုဂလူ အနေနဲ့ ဘရိုက်တန်အသင်းနှင့်အတူ ၂ဝ၂၄-၂ဝ၂၅ မှ လက်ရှိ ဘောလုံး ရာသီအထိ ပြိုင်ပွဲစုံ ပွဲ ၆ဝ ကစားပြီး ၃ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။(NVS 008)
30 Oct