“ပီအက်စ်ဂျီအသင်းက ဒိုရေး ကို စာချုပ်သက်တမ်းတိုးရန်စီစဉ်”

30 Oct

ပီအက်စ်ဂျီအသင်းက တောင်ပံကစားသမား ဒိုရေး ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမား ဒိုရေး ဟာ ပီအက်စ်ဂျီအသင်းနှင့်အတူ ၂၀၂၄-၂၀၂၅ မှ လက်ရှိ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁၁၄ ပွဲကစားပြီး ၃၃ ဂိုး သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် အသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ ထုတ်ပြန်ချက်တွင် ဒိုရေး ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်းနဲ့ ကစားသမား ကိုယ်တိုင်ကလည်း အသင်းမှာ ပျော်ရွှင်နေပြီး စာချုပ်ကိစ္စကိုလည်း မကြာမီရက်ပိုင်းအတွင်း အပြီးသတ် ချုပ်ဆိုနိုင်မှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။(NVS 008)

30 Oct

ADVERTISE HERE .