ကုန်ဈေးနှုန်းသတင်း ၃၀.၁၀.၂၀၂၆
30 Oct
အောက်တိုဘာလ ၃၀ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲ ပဲစင်းငုံနီနဲ့ ပဲပုပ်ဈေးတွေ ဆက်တိုက်ကျဆင်းနေပြီး ကြက်သွန်နီဈေးကတော့ အနည်းငယ် တက်လာပါတယ်။ အခြားပဲအများစု၊ အာလူးနဲ့ ကြက်သွန်ဖြူဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၁၃,၂၁၃ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၂၁,၃၀၂ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာ ကို ၅,၇၁၅ ကျပ်ကနေ ၅,၇၅၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၆,၃၁၅ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၅,၆၈၅ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၆၆၅ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၁,၈၂၅ ကျပ်ကနေ ၁၄,၁၆၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၁၇၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၄,၀၈၀ ကျပ်ကနေ ၄,၄၂၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၂,၆၆၅ ကျပ်ကနေ ၁၃,၅၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၉၀ ကျပ်ကနေ ၁,၇၁၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၈၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၆,၆၆၅ ကျပ်ကနေ ၇,၁၇၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၈,၂၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(အောင်ပန်း) တစ်ပိဿာကို ၆,၆၀၀ ကျပ်ကနေ ၉,၆၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၁၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်၊ မန်ကျည်းသီး(ပွင့်ကပ်/အသား) တစ်ပိဿာကို ၃,၈၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၆၅၀ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ အာလူး (အောင်ပန်း) တစ်ပိဿာကို ၁,၃၀၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ပုစွန်ခြောက်(ရခိုင်ရွှေပုစွန်) တစ်ပိဿာကို ၉၅,၀၀၀ ကျပ်ကနေ ၁၄၀,၀၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာကို ၁၈,၀၀၀ ကျပ်ကနေ ၃၀,၀၀၀ ကျပ်၊ ငါးနှပ်ခြောက်(ကြီး/လတ်/ သေး) တစ်ပိဿာကို ၃၅,၀၀၀ ကျပ်ကနေ ၇၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၉ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၇၇၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၇၄၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၄,၅၄၀ ကျပ်၊ မန္တလေးမှာ ၄,၆၉၅ ကျပ်၊ နေပြည်တော်မှာ ၄,၆၄၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၄,၅၉၀ ကျပ်၊ မန္တလေး မှာ ၄,၇၄၅ ကျပ်၊ နေပြည်တော်မှာ ၄,၆၉၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၄,၅၁၅ ကျပ်၊ မန္တလေးမှာ ၄,၆၆၅ ကျပ်၊ နေပြည်တော်မှာ ၄,၆၂၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၅,၄၈၀ ကျပ်၊ မန္တလေးမှာ ၅,၆၃၅ ကျပ်၊ နေပြည်တော်မှာ ၅,၅၉၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ကျပ် (၇,၁၀၀,၀၀၀ိ/-) ခုနစ်ဆယ် တစ်သိန်းကျပ်ရှိပြီး ပြင်ပပေါက်ဈေးမှာ (၁၀,၁၉၀,၀၀၀ိ/-) တစ်ရာ တစ်သိန်း ကိုးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။