“လာမည့် ဇန်နဝါရီလမှာ မန်ယူနောက်ခံလူ ယိုရို အေစီမီလန်သို့ ပြောင်းမည်ဟု သတင်းထွက်”

30 Oct

လာမည့်ဇန်နဝါရီလ အပြောင်းအရွှေ့ကာလအတွင်း မန်ယူနောက်ခံလူ ယိုရို အနေနဲ့ အေစီမီလန် အသင်းသို့ ပြောင်းရွှေ့မည်ဟု ဥရောပမီဒီယာများက ဖော်ပြခဲ့ကြပါတယ်။ ယိုရို က ယခုရာသီ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၄ ပွဲသာ ကစားခွင့်ရခဲ့ပြီး ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကစားခဲ့သည့် ဘုန်းမောက်နှင့်ပွဲစဉ်တွင်လည်း အမှားအယွင်းများခဲ့ပါတယ်။ ဒါကြောင့် အင်္ဂလန်မြေတွင် ရုန်းကန် နေရတဲ့ ယိုရို ကို မန်ယူနည်းပြဟောင်း အာမိုရင် ကိုင်တွယ်နေတဲ့ အေစီမီလန်အသင်းက ခေါ်ယူရန် ကြိုးပမ်းလာခြင်း ဖြစ်ပါတယ်။ ယိုရို အနေနဲ့လည်း ပွဲကစားခွင့်ပိုမိုရရှိရန်အတွက် အေစီမီလန်အသင်းသို့ ပြောင်းရွှေ့ရန်စီစဉ်နေကြောင်း အီတလီမီဒီယာတချို့က ဖော်ပြခဲ့ကြသည်။ အေစီမီလန်အသင်းက ယိုရို ကို အငှားခေါ်ယူမည်ဖြစ်ပြီး အပြီးသတ် ခေါ်ယူပါက ပေါင်သန်း ၄၀ ဝန်းကျင်ပေးရဖွယ်ရှိနေပါတယ်။ (NVS 008)

30 Oct

ADVERTISE HERE .