“အာဆင်နယ်လူငယ်ကြယ်ပွင့် ဒေါင်းမန်း ၃ ပွဲပယ် ပြစ်ဒဏ်ကျခံရမည်”
30 Oct
ဖလိဝုဒ်နှင့်ကစားခဲ့သည့် လိဂ်ဖလားပွဲစဉ်တွင် တိုက်ရိုက်အနီကတ်ပြသခံခဲ့ရတဲ့ အသက် ၁၆ နှစ်အရွယ် အာဆင်နယ်တောင်ပံကစား ဒေါင်းမန်း ၃ ပွဲပယ်ပြစ်ဒဏ် ကျခံရမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပွဲစဉ်မှာ ဒေါင်းမန်း က ဖလိဝုဒ်ကွင်းလယ်လူ ဟာရီဆင်နေးလ်၏ ဖျက်ထုတ်မှုကို ပြန်လည်တုံ့ပြန် ခဲ့ရာမှ တိုက်ရိုက်အနီကတ် ပြသခံခဲ့ရခြင်းဖြစ်ပါတယ်။ ဒေါင်းမန်း အနေဖြင့် အင်္ဂလန် ယူ-၁၉ အသင်းအတွက် ယှဉ်ပြိုင် ကစားခဲ့စဉ်ကလည်း အနီကတ်ပြသခံခဲ့ရပြီး ယခုလအတွင်း ဒုတိယမြောက်အနီကတ်ကို ထပ်မံပြသခံခဲ့ရပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းအနေနဲ့ ဒေါင်းမန်း အတွက် အယူခံဝင်ခဲ့ပေမယ့် ပယ်ချခြင်းခံခဲ့ရကြောင်း သိရပါတယ်။ တောင်ပံကစားသမားများဖြစ်တဲ့ ဇိုးလစ် နှင့် ဆာကာ တို့မှာ ဒဏ်ရာပြဿနာများကြောင့် အနားယူနေရပြီး ဒေါင်းမန်း၏ ပွဲပယ်ပြစ်ဒဏ်ကျခံရမည့်သတင်းမှာလည်း အာဆင်နယ်အသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။ (NVS 008)
30 Oct