“ဗီလာရီးရဲလ်နောက်ခံလူ အဲလက်စ်ဖရီးမန်း ကို ခေါ်ယူရန် ပရီးမီးယားလိဂ်အသင်းများ စိတ်ဝင်စားနေ”
30 Oct
ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်တဲ့ မန်စီးတီး၊ ချယ်လ်ဆီး၊ မန်ယူနှင့် စပါးအသင်းတို့က ဗီလာရီးရဲလ် အသင်းမှ အမေရိကန်လက်ရွေးစင်နောက်ခံလူ အဲလက်စ်ဖရီးမန်း ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အသက် ၂၂ နှစ်သာရှိသေးတဲ့ အဲလက်စ်ဖရီးမန်း က ၂၀၂၆ ဇန်နဝါရီလမှာ အော်လန်ဒိုစီးတီးအသင်းမှ ဗီလာရီးရဲလ်သို့ ဒေါ်လာ ၇ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၃၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။ အဲလက်စ်ဖရီးမန်းက ယခုရာသီ၌ လာလီဂါပွဲစဉ် ၆ ပွဲ ပွဲထွက်ကစားခွင့်ရရှိထားပြီး ခြေစွမ်းပြနေသောကြောင့် ပရီးမီးယားလိဂ်အသင်းများသာမက အခြားဥရောပအသင်းအချို့ကပါ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ စပါးအသင်းက အဲလက်စ်ဖရီးမန်းကို ကမ်းလှမ်းမှုပြုလုပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း သတင်းထွက်နေပြီး မန်ယူအသင်း ကလည်း ၎င်းကိုစောင့်ကြည့်ရန် ကင်းထောက်များစေလွှတ်ထားကြောင်း သိရပါတယ်။ (NVS 008)
30 Oct