“ထိုင်းနိုင်ငံလူငယ်ဂေါ့ဖ်ပြိုင်ပွဲကို မြန်မာလူငယ်ဂေါ့ဖ်ကစားသမားများ ပါဝင်ယှဉ်ပြိုင်လျက်ရှိ”
30 Oct
ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ လူငယ်ဂေါ့ဖ်ပြိုင်ပွဲတစ်ရပ်ဖြစ်သော 17th Singha Thailand Junior World Golf Championships 2026 ပြိုင်ပွဲကို မြန်မာလူငယ်ဂေါ့ဖ်ကစားသမားများ ပါဝင်ယှဉ်ပြိုင်နေလျက်ရှိပါတယ်။ 17th Singha Thailand Junior World Golf Championships 2026 ပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဟွာဟင်မြို့ရှိ တော်ဝင်ဟွာဟင်ဂေါ့ဖ်ကွင်းတွင် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ကျင်းပပြုလုပ်နေခြင်းဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲကို မြန်မာလူငယ်ဂေါ့ဖ်အားကစားအဖွဲ့မှ အုပ်ချုပ်၊ နည်းပြအဖွဲ့ဝင်နှစ်ဦး၊ ကစားသမား ၁၇ ဦး သွားရောက် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပါတယ်။ မြန်မာလူငယ်ဂေါ့ဖ်ကစားသမားများဖြစ်တဲ့ ဆက်နိုင်အောင်၊ ခန့်ဘုန်းလျန်၊ နိုင်ဦးကို၊ လင်းထက်ညီ၊ ကောင်းထက်၊ ကျော်သံလွင်ဟိန်း၊ ရဲရင့်လွင်၊ ဘုန်းပြည့်အောင်၊ ချွိုင်ဟွမ်၊ အောင်သန်းထွဋ်၊ ထူးမြတ်အောင်၊ အောင်စိုးထွန်း၊ ကောင်းခန့်ဇော်၊ ချိုသာအောင်၊ ဆုနှင်းဖြူ၊ ချစ်ခွန်းသီအောင်၊ ချွိုင်ဟူတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရပါတယ်။ ပြိုင်ပွဲမှာ အသက် ၁၁ နှစ်မှ ၁၂ နှစ်၊ ၁၃ နှစ်မှ ၁၄ နှစ်၊ ၁၅ နှစ်မှ ၁၈ နှစ် အမျိုးအစားများ ပါဝင်နေကြောင်း သိရပါတယ်။ (NVS 008)