“ညို့သကျည်းဒဏ်ရာကြောင့် ဇန်နဝါရီလအထိ အနားယူရမယ့် ဆက်စ်ကို”

30 Oct

မန်ယူတိုက်စစ်မှူး ဆက်စ်ကို က ညို့သကျည်းဒဏ်ရာကြောင့် ဇန်နဝါရီလအထိ အနားယူရမည်ဖြစ်ကြောင်း သိရပါတယ်။ ဆလိုဗေးနီးယားလက်ရွေးစင်တိုက်စစ်မှူး ဆက်စ်ကို သည် မန်ယူအသင်း၏ နောက်ဆုံးပွဲစဉ် ၆ ပွဲကို လွဲချော်ထားသူဖြစ်ပြီး နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည်မှာ ဘရိုက်တန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ လိဂ်ဖလားပွဲစဉ် ဖြစ်ပါတယ်။ ဆက်စ်ကို ၏ ဒဏ်ရာအခြေအနေကို မန်ယူအသင်းက ကြေညာချက်ထုတ်ပြန်ခြင်း မရှိသေးပေမယ့် မီဒီယာများက ယခုနှစ်အတွင်း ပြန်ကစားနိုင်တော့မည်ဟုတ်ဘဲ အနည်းဆုံးဇန်နဝါရီလအထိ အနားယူရမည် ဖြစ်ကြောင်း ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

30 Oct

ADVERTISE HERE .